Friday, September 4, 2015

ကောင်​မ​လေး သို့...

အမြဲတမ်းမေ့နေတတ်တဲ့ ငါ့မှာ
မင်းတစ်ယောက်ကို မေ့ပြစ်ဖို့ကိုတော့
ကြိုးစားကြည့်ပါသေးတယ်
မေ့တတ်တဲ့ ငါ့အကျင့်တောင်
လက်မြှောက်လိုက်ရတယ် အရှုံးပေးလိုက်ရတယ်
ငါသိပ်တော့ မကြေနပ်ဘူး
ထပ်ခါတစ်လည်းလည်း မေ့ကြည့်လိုက်တယ် သို့သော်
ဆင်ပိန်လည်းကျွဲလောက်တော့
ကျန်သေးတယ် ဆိုစကားလေး
အတိုင်း ငါ့ရင်ထဲမှာ ထင်ကျန်နေသေးတယ် မင်းပုံရိပ်တွေနဲ့ တစ်ချို့တစ်ချို့သော အရာတွေက
ငါ့ရှေ့ကနေဦးဆောင်ထားတယ်
        အပြစ်တော့မမြင်ပါနဲနော်
ကိုယ်ကြိုးစားနေပါသေးတယ်


No comments:

Post a Comment

Note: Only a member of this blog may post a comment.